Showing posts with label Myanmar Articles. Show all posts
Showing posts with label Myanmar Articles. Show all posts

Friday, December 27, 2013

ပရလောကသံယောစဉ်

ပရလောက ရှိမရှိနဲ့ပတ်သက်ပြီး ငယ်စဉ်ကတည်းက ပုံပြင်တွေ ၀တ္တုတွေ အတော်များများဖတ်ဖူးပါတယ်။ တချို့ကလည်း ကိုယ်တိုင်တွေ့ဖူးမှယုံကြည်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင်မကြူံဘူးပေမဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေကိုတွ့ပြီး ယုံကြည်ကြပါတယ်။ ဘုရားဟော ဇတ်တော်တွေမှာလည်း နတ်၊ နဂါး၊ ပြိတ္တာတွေအကြောင်းပါဝင်ပါတယ်။ ကျွှန်တော်အယူအဆကတော့ ကိုယ်တိုင်မမြင်ဘူးသော်လည်း ယုတ္တိတန်တယ်ဆိုရင် ယုံကြည်သင့်တယ် ထင်ပါတယ်။ ပရလောကသားတွေကို တစ်ခါလောက်မျက်ဝါးထင်ထင် မြင်ဘူးချင်တယ်။ တစ်ခါတော့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေး တစ်ခုနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ဖူးပါတယ်။  အဲဒီဖြစ်ရပ်လေးကို အားလုံးသိအောင်ရေးသား လိုက်တာပါ။ ဒီဇတ်လမ်းမှာပါဝင်တဲ့ လူပုဂ္ဂိုလ်တွရဲ့ အမည်နာမ၊ ရွာအမည်များကို လွှဲပြောင်းထားတာကလွဲလို့ ဇတ်လမ်းတစ်ခုလုံးက ဖြစ်ရပ်မှန်ပါပဲ။


ကယ်တင်ရှင်ငှက်ငယ်

ကျွှန်တော်ငယ်ငယ်က ငှက်တွေနဲ့ပတ်သက်ပြီး အံသြဖွယ် အဖြစ်အပျက်တစ်ခုနဲ့တွေ့ကြုံဖူးပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ကျွှန်တော်ငယ်စဉ် ခုနှစ်တန်းကျောင်းသားဘ၀က ဖြစ်ခဲ့ပေမဲ့ အခုကျွှန်တော် အသက်၄၀ နီးပါးရှိနေတဲ့တိုင်အောင် လိုချင်တဲ့ အဖြေတစ်ခုကို ကျွှန်တော်ရှာမတွေ့သေးပါဘူး။ အဖြစ်အပျက်ကဒီလိုပါ။ ကျွှန်တော်တို့အိမ်က နှစ်ထပ်အိမ်ဖြစ်ပြီး အိမ်ရှေ့မှာ မြေကွက်လပ် ကျယ်ကျယ်နှင့် အုပ်အုပ်ဆိုင်းဆိုင်း ခရေပင်တစ်ပင်ရှိပါတယ်။ ကျွှန်တော်တို့နေတဲ့ရပ်ကွက်က ရန်ကုန်မြို့ အစွန် ဆင်ခြေဖုံးရပ်ကွက် တစ်ခုဖြစ်တဲ့အတွက် သစ်ပင်သစ်တောထူထပ်ပါတယ်။ အချိန်က မိုးဦးကျစကာလဖြစ်ပါတယ်။