Sunday, August 11, 2013

Vietnam pair coaxed out of jungle

ဗီယက်နမ်နှစ်ဦးအား တောတွင်းမှချောမော့ခေါ်ဆောင်












Ho Van Lang (second on the right) was said by officials to only know a few words of the local Cor dialect
မစ်စတာဟိုဗန်လန် (ညာဘက်ဒုတိယလူ) သည် ကောဟုခေါ်သော ဒေသခံစကားကို အနည်းငယ်သာ တတ်သည်ဟု အရာရှိများက ပြောကြားခဲ့သည်။


A Vietnamese father and his son who fled to the jungle during the war four decades ago have been persuaded to leave, officials say.
ဆယ်စုနှစ်လေးစုအကြာက စစ်ပွဲကာလအတွင်း တောတွင်းသို့ထွက်ပြေးသွားခဲ့သော ဗီယက်နမ်လူမျိုးဖခင်နှင့် သားဖြစ်သူကို တောတွင်းမှထွက်ခွာစေရန် ဆွဲဆောင်စည်းရုံးခဲ့ရကြောင်း အရာရှိများကပြောကြားလိုက်သည်။
Ho Van Lang and his 82-year-old father reportedly shunned contact with the outside world after three family members were killed by a landmine.
မိသားစုဝင်သုံးဦး မြေမြုပ်မိုင်းကြောင့်သေဆုံးသွားပြီးနောက်ပိုင်း ဟိုဗန်လန်နှင့် သူ၏ ၈၂ နှစ်ရှိပြီဖြစ်သော ဖခင်အိုတို့သည် အပြင်လောကနှင့်လုံးဝရှောင်ကွင်းနေထိုင်ခဲ့ကြသည်ဟု သတင်းများအရသိရှိရသည်။
For most of their time in the jungle their whereabouts was unknown.
သူတို့၏အချိန်အများစုကို သစ်တောအတွင်း ဘယ်နေရာ၌နေထိုင်ခဲ့သည်ကို မည်သူမျှမသိရှိကြပါ။
They were discovered living in dense foliage in central Quang Ngai province and were barely able to communicate.
ကွန်းနိုင်းပြည်နယ်အလယ်ပိုင်း သစ်တောထူထပ်ရာနေရာတွင် သူတို့နေထိုင်သည်ကိုရှာတွေ့ခဲ့သည်။ ၎င်းနေရာသည် ဆက်သွယ်ရန်ခက်ခဲသောနေရာဖြစ်သည်။
Mr Ho was said by officials to only know a few words of the local Cor dialect.
မစ်စတာဟိုသည် ကောဟုခေါ်သော ဒေသခံစကားကိုအနည်းငယ်သာတတ်သည်ဟု အရာရှိများက ပြောကြားခဲ့သည်။
Vietnamese media reported that Mr Ho's brother succeeded in tracking the pair down 20 years ago, but had not been able to persuade them to return to modern society.
ဗီယက်နမ် သတင်းဌာနကမှု မစ်စတာဟို၏ အကိုဖြစ်သူက သူတို့နှစ်ဦး ဘယ်မှာနေထိုင်သည်ကို လွန်ခဲ့သောအနှစ် ၂၀ ကလိုက်လံရှာဖွေခေါ်ငင်ခဲ့သော်လည်း သူတို့ကို ခေတ်မီလူအဖွဲ့အစည်းသို့ပြန်လာရန် ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။
While in the jungle, the pair wore only loincloths and used a homemade axe to chop down trees. They survived on corn, fruits and cassava roots from the jungle.
တောတွင်းနေထိုင်စဉ် သူတို့နှစ်ဦးသည် အောက်ပိုင်းကိုလုံရုံသာ ၀တ်ဆင်ကြသည်။ သစ်ပင်များကိုခုတ်ရန် အိမ်လုပ် ပုဆိန်ကိုအသုံးပြုသည်။ တောတွင်းမှရရှိသော ပြောင်း၊ အသီးများနှင့် ပီလောပီနံဥများကို မိခိုကာအသက်ရှင်သန်ခဲ့ကြသည်။
They lived in a tree house, five metres above ground, where they kept arrows for hunting and knives for killing animals.
မြေပြင်မှအထက် ၅ မီတာမြင့်သော သစ်ပင်အိမ်ပေါ်တွင်သူတို့နေထိုင်ခဲ့ကြပြီး ၎င်းနေရာတွင်ပင် အမဲလိုက်ရန် မျှားနှင့် တရိစ္ဆာန်များကိုသတ်ဖြတ်ရန် ဓားများကိုထားရှိသည်။
The older man kept his military trousers neatly folded in a corner as well as the little red coat his son was thought to have been wearing when they fled.
အသက်ကြီးသူက သူ၏စစ်ဘောင်းဘီကို သပ်ရပ်စွာခေါက်ပြီး ထောင့်တစ်ခုတွင်ထားသကဲ့သို့ အနီရောင်ကုတ်တစ်ထည်ကိုလည်းတွေ့ရသည်။ ၎င်းကို သူ့သားဖြစ်သူက သူတို့ထွက်ပြေးလာစဉ် ၀တ်ဆင်ခဲ့ပုံ ပေါ်သည်။
A party of local people who discovered them were reported to be startled by their wild appearance and outlandish gestures.
၎င်းတို့နှစ်ဦးအား စတင်တွေ့ရှိခဲ့သည့် ဒေသခံလူတစ်စုက ပြောပြသည်မှာ သူတို့၏ရိုင်းစိုင်းသောအသွင်အပြင်နှင့် ကိုယိုးကားယားနိုင်သော ဟန်ပန်မှုယာတို့ကြောင့် ထိန်လန့်ခဲ့ရသည်ဆို၏။
They reported their find to the leaders of a local commune, who deployed a team to track them down.
ဒေသခံခေါင်းဆောင်များကို သူတို့တွေ့ရှိခဲ့ကြောင်း တင်ပြခဲ့ပြီး ခေါင်းဆောင်များက အဖွဲ့တစ်ဖွဲကို ခြေရာခံလိုက်ရန် စေခိုင်းခဲ့သည်။
After a five-hour search on Thursday the team located the father and son in their tree house.
Officials say that Mr Ho fled to the jungle after being traumatised by the mine explosion.
ကြာသပတေးနေ့တွင် ငါးနာရီခန့်ကြာရှာဖွေပြီးနောက်ပိုင်း အဖွဲ့က ဖခင်နှင့်သားကို ၎င်းတို့နေထိုင်ရာ သစ်ပင်အိမ်၌်ရှာတွေ့ခဲ့သည်။ အရာရှိများက မစ်စတာဟိုသည် မိုင်းပေါက်ကွဲမှုများကြောင့် ကြောက်ရွံ့ ထိပ်လန့်မှုဝေဒနာကို ရရှိကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
The pair are now being given medical checks as the first step in the process of reintegrating them into society.
လူ့အသိုင်းအ၀ိုင်းသို့ပြန်ဝင်ဆန့်နိုင်စေရန် ပဏာမခြေလှန်းအနေဖြင့် သူတို့နှစ်ဦးကို ဆေးစစ်မှုများကို ပြုလုပ်ပေးလျှက်ရှိပါသည်။

BBC News 

1 comment:

  1. အစ်ကိုတင်ထားတဲ့အကြောင်းအရာတွေကအရမ်းကောင်းတယ်ဗဟုသုတလည်း၇တယ်နောက်ဆက်ကြိုးစားပါဦး

    ReplyDelete