Showing posts with label spoken english. Show all posts
Showing posts with label spoken english. Show all posts

Friday, December 27, 2013

Basic Usages Part V

24. I was busy + (verb-ing)
…………အလုပ်များနေခဲ့တယ်။
When using the word 'was', you are referring to something in a past tense, or something that happened before. Combining it with the word 'busy' you can express something that was occupying you in a past time.
Here are some examples:
"I was busy thinking." စဉ်းစားရင်းအလုပ်များနေခဲ့တယ်။
"I was busy working." အလုပ်များနေခဲ့တယ်။
"I was busy cooking dinner." ညနေစာချက်ရင်း အလုပ်များနေခဲ့တယ်။
"I was busy talking on the phone." ဖုန်းပြောရင်းအလုပ်များနေခဲ့တယ်။
"I was busy cleaning the house." အိမ်သန့်ရှင်းရေးလုပ်ရင်း အလုပ်များနေခဲ့တယ်။
"I was busy studying for my test." စာမေးပွဲအတွက်လေ့လာရင်း အလုပ်များနေခဲ့တယ်။

Basic Usages Part IV

19. I don't have time to + (verb)
………အချိန်မရှိဘူး။ အချိန်မရဘူး။
The word 'don't' is a contraction of the words 'do not.' When adding 'have time to' you are simply stating that you have other obligations and all other things considered must wait.
Here are some examples:
"I don't have time to explain." မင်းကိုရှင်းပြဖို့အချိန်မရှိဘူး။
"I don't have time to eat." စားဖို့အချိန်မရှိဘူး။
"I don't have time to exercise." လေ့ကျင့်ဖို့အချိန်မရဘူး။
"I don't have time to watch my favorite TV show." ငါအကြိုက်ဆုံး တီဗီအစီအစဉ်ကိုကြည့်ဖို့အချိန်မရဘူး။
"I don't have time to talk." (မင်းနဲ့) ပြောနေဖို့အချိန်မရဘူး။

Basic Usages Part III

14. I would like to + (verb)
တစ်စုံတစ်ခုကို လုပ်ရန်ဆန္ဒရှိသည်ဟူသောအဓိပ္ပါယ်ကို ပြဆိုလိုသောအခါ I would like to ကိုအသုံးပြုပါတယ်။
ဥပမာအားဖြင့်
"I would like to answer that question."  မေးခွန်းကိုဖြေချင်ပါတယ်။
"I would like to compete in a cooking contest." အချက်အပြုတ်ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ချင်ပါတယ်။
"I would like to explain myself." ကိုယ်အကြောင်းကိုကိုယ်ပြောပြချင်ပါတယ်။
"I would like to invite you over." မင်းကိုဖိတ်ကြားလိုပါတယ်။
"I would like to practice." လေ့ကျင့်ချင်ပါတယ်။
"I would like to become a doctor." ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။
"I would like to see you more often." မင်းကိုမကြာခဏတွေ့ချင်ပါတယ်။
"I would like to thank you." မင်းကိုကျေးဇူးတင်စကားပြောချင်ပါတယ်။
"I would like to learn about animals." တရိစ္ဆာန်တွေအကြောင်း လေ့လာလိုပါတယ်။
"I would like to meet the President." သမ္မတနဲ့တွေ့ချင်ပါတယ်။

Friday, August 2, 2013

Basic Usages Part II

6. I'm trying + (verb)
I am trying ဟူသောအသုံးမှာ ''ငါ………..ကြိုးစားနေတယ်'' ဟုဖြစ်ပါသည်။ သင်သည်တစ်စုံတစ်ခုကို ပြီးမြောက်စေရန် ကာယအား ဥာဏအားဖြင့် ကြိုးစားအားထုတ်လိုသည့်အခါသုံးပါသည်။ လည်းကောင်းနောက်တွင် မိမိသုံးလိုသောကြိယာကိုထည့်သွင်း အသုံးပြုခြင်းဖြင့် သင်လိုသော အဓိပ္ပါယ်ကိုရောက်စေပါတယ်။
ဥပမာအားဖြင့်
"I'm trying to get a job." ငါအလုပ်တစ်ခုရဖို့ကြိုးစားနေတယ်။
"I'm trying to call my family." ငါမိသားစုဆီကို ဖုန်းဆက်ဖို့ကြိုးစားနေတယ်။
"I'm trying to enjoy my dinner." ငါညနေစာကိုမြိန်မြိန်ကြီးစားဖို့ကြိုးစားနေတယ်။
"I'm trying to educate myself." ငါ့ကိုငါသင်ကြားဖို့ကြိုးစားနေတယ်။
"I'm trying to explain myself." ငါ့ကိုငါရှင်းပြဖို့ကြိုးစားနေတယ်။(တစ်စုံတစ်ခုအမှားလုပ်မိတဲ့အခါမျိုးမှာ)
"I'm trying new food." အစားအစာသစ်တွေကို စမ်းစားကြည့်ဖို့ကြိုးစားနေတယ်။
"I'm trying to eat healthy." ကျမ္မာအောင်စားသောက်ဖို့ ကြိုးစားနေတယ်။
"I'm trying to understand (you)." ငါ(မင်းကို)နားလည်ဖို့ကြိုးစားနေတယ်။

Wednesday, July 31, 2013

Basic Usages Part I

Spoken English Basics - Section I
အခြေခံ အင်္ဂလိပ်စကားပြောလေ့လာရာမှာ သွက်သွက်လက်လက်နဲ့ အမှားအယွင်းကင်းအောင် ပြောနိုင်ဖို့အတွက် အောက်ပါအခြေခံဝါကျတွေကို ကောင်းကောင်း အလွတ်ရအောင် ကျက်မှတ်ထားရပါမယ်။ အဒီဝါကျ တွေမှတဆင့် ဘယ်လိုဆင်ပွားပြောဆိုလို့ရတယ်ဆိုတာကိုလည်း ရှင်းပြပေးပါမယ်။ ၀ါကျတစ်ကြောင်းစီကို ကောင်းကောင်းနားလည်ပြီးရင်းနှီးကျွှမ်းဝင်သွားအောင် နုတ်တိုက်ရွတ်ဆို ကျက်မှတ်ဖို့လိုပါတယ်။ အင်္ဂလိပ်စကားပြော ၀ါကျများသာဖြစ်ပြီး grammar အသုံးများကိုရှင်းပြထားခြင်းမရှိပါဘူး။ အောက်ပါစကားပြော ၀ါကျပုံစံ ၂၉ မျိုးကို အသုံးများသော ၀ါကျများနှင့် ပူးတွဲလေ့လာနိုင်အောင် ဖေါ်ပြထားပါတယ်။ လေ့လာရာမှာ လွယ်ကူစေရန်အတွက် မြန်မာဘာသာသို့ပြန်ဆိုပေးထားပါတယ်။

Monday, July 29, 2013

Driving in a highway

Driving in a Highway        ( posted on 21st July 2013)
#1 Im heading to the university Ill give you a ride if you want.
တက္ကသိုလ်ကိုသွားမလို့ ၊ မင်းဆန္ဒရှိရင်ငါ့ကားနဲ့လိုက်ပို့ပေးမယ်လေ။(လိုက်ခဲ့လေ)
heading to ဟူသော အသုံးအနှုန်ုးမှာ going to ၊ traveling to တို့နှင့် အဓိပ္ပယ်ဆင်တူသော်လည်း လည်းကောင်းတို့ အစားသုံးသော သမရိုးကျမဟုပ်သော အသုံးအနှုန်းဖြစ်ပါတယ်။ စကားပြော အင်္ဂလိပ်မှာ သုံးတာများပါတယ်။
Ill give you a ride 
ရဲ့အဓိပ္ပါယ်က မြန်မာဘာသာဆီလျှော်အောင်ပြန်မယ်ဆိုရင် ငါမင်းကိုကားနှင့်လိုက်ပိုမယ်။ I will take you in my car to the destination.  ငါ့ကားနဲ့သွားလိုရာခရီးဆုံးထိလိုက်ပို့မယ် လို့ဖြစ်ပါတယ်။
#2 Everybody buckle up, please.
ကျေးဇူးပြုပြီး အားလုံးထိုင်ခုံခါးပတ်ပတ်ထားပေးပါ။

buckle up ကတော့မြန်မာလိုဆိုရင် ကြိယာပုဒ်စုပါ။ အင်္ဂလိပ်လိုဆိုရင် phrasal verb ပေါ့။ 










fasten ဟူသော ကြိယာကိုသမရိုးကျ အသုံးအနှုန်း အဖြစ်လည်းသုံးနိုင်ပါတယ်။ 
Everybody fasten your seat belts, please.  
 သူ့ရဲ့ ဆန့်ကျင်ဘက်အသုံးကတော့ unbuckling ပါ။
"Unbuckle your seat belt" မင်းထိုင်ခုံခါးပတ်ဖြုတ်လိုက်ပါ။