Saturday, August 10, 2013

Language in books shows how we have grown more selfish

ကျွှနုပ်တို့ ပိုမိုတစ်ကိုယ်ကောင်းဆန်လာကြောင်းကို စာအုပ်များပါ ဘာသာစကားက ပြသ
Language used in modern books reveals how society has become more materialistic and selfish in the past 200 years, according to a new study.

လူ့အဖွဲ့အစည်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း ပိုမိုရုပ်ဝတ္တုဆန်လာပြီး တကိုယ်ကောင်းဆန်လာ ကြောင်းကို ခေတ်သစ်စာအုပ်များတွင်သုံးထားသော ဘာသာစကားကဖော်ထုပ်ပြသနေကြောင်း လေ့လာမှုအသစ်တခုအရ သိရှိရသည်။













The shifts in language would indicate how US and British society has grown more selfish as it has grown wealthier 
ချမ်းသာကြွယ်ဝလာမှုနှင့်အတူ အမေရိကန်နှင့် ဗြိတိရှလူ့အသိုင်းအ၀ိုင်းသည် မည်ကဲ့သို့ပိုမို၍ တကိုယ်ကောင်းဆန်လာကြောင်းကို ဘာသာစကားပြောင်းလဲလာမှုများက ညွန်ပြလိမ့်မည်ဖြစ်သည်။
Photo: Alamy
5:39PM BST 07 Aug 2013


Analysis of words used in more than 1.5 million American and British books published between 1800 and 2000 has revealed how cultural values have changed in that time.
အမေရိကန်နှင့် ဗြိတိန်မှ ၁၈၀၀ မှ ၂၀၀၀ ခုနှစ်အတွင်းထုတ်ဝေသော စာအုပ်ပေါင်း ၁.၅ သန်းတွင် သုံးနှုန်းထားသော စကားလုံးများကို လေ့လာဆန်းစစ်မှုက ယဉ်ကျေးမှုတန်ဖိုးများမည်သို့မည်ပုံ ယင်းအချိန်ကပင် ပြောင်းလဲလာခဲ့သည်ကို ဖေါ်ပြနိုင်ခဲ့သည်။
Researchers found an increase in the use of words like choose and get in the past two centuries while words like obliged and give decreased.
သုတေသီများက တွေ့ရှိသည်မှာ လွန်ခဲ့သောရာစုနှစ် နှစ်ရာစုအတွင်း choose (ရွေးချယ်သည်) နှင့် get (ရရှိသည်) ဟူသောစကားလုံးများ အသုံးပြုမှုများသည် မြင့်တက်ခဲ့ပြီး၊ obliged (ကျေးဇူးတင်သော) နှင့် give (ပေးသည်) ဟူသော စကားလုံးများ အသုံးပြုမှုသည် လျှော့နည်းခဲ့သည်ကို တွေ့ရှိခဲ့ကြသည်။
There was also an indication that people in modern society are more in touch with their emotions than they once were the use of feel increased while act decreased.
ယနေ့ခေတ်လူမှုအဖွဲ့အစည်းသည် ယခင်ကထက် ပိုမို၍စိတ်ခံစားမှုဆိုင်ရာ စကားလုံးများကို ပိုမိုသုံးစွဲလာကြသည်ကို ညွန်းပြသည်။ act (ပြုမှုသည်) ဟူသော စကားလုံးအသုံးသည် လျှော့ကျလာပြီး feel (ခံစားသည်) ဟူသောစကားလုံးကို ပိုမိုသုံးစွဲလာကြသည်။
The psychologists behind the study claim the shifts in language indicate how US and British society has grown more selfish as it has grown wealthier and more urban.
ဘာသာစကားပြောင်းလဲလာမှုများသည် အမေရိကန်နှင့် ဗြိတိန်မှ လူ့အဖွဲအစည်းသည် ပိုမိုချမ်းသာကြွဝပြီး၊ ပိုမိုမြို့ပြဆန်လာသော လူနေမှုဘ၀များကြောင့်    ပိုမို၍တကိုယ်ကောင်းဆန်လာကြခြင်းဖြစ်ကြောင်း လေ့လာမှု၏နောက်ကွယ်တွင် စိတ်ပညာရှင်များက ပြောကြားခဲ့သည်။
Professor Patricia Greenfield, a psychologist at the University of California Los Angeles who conducted the study, said: "This research shows that there has been a two century long historical shift toward individualistic psychological functioning.
လေ့လာမှုကိုလုပ်ဆောင်ခဲ့သော ကာလီဖိုးနီးယားတက္ကသိုလ်မှ စိတ်ပညာရှင် ပါမောက္ခ ပက်ထရီကာ ဂရင်းဖီးက ''ရာစုနှစ် နှစ်စုစာကြာရှည်ခဲ့တဲ့ သမိုင်းကြောင်းဆိုင်ရာပြောင်းလဲမှုဟာ တစ်ဦးပုဂ္ဂလိက ဆိုင်ရာစိတ်ပညာ ဖြစ်စဉ်ကိုဦးတည်နေကြောင်း ဖေါ်ညွန်းနေပါတယ်။'' ဟုပြောပြခဲ့သည်။
"The currently discussed rise in individualism is not something recent but has been going on for centuries as we moved from a predominantly rural, low-tech society to a predominantly urban, high-tech society."
တစ်ဦးပုဂ္ဂလဖြစ်မှုများတိုးတက်များပြားလာခြင်းအား လက်ရှိအချိန်တွင် ဆွေးနွေးမှုများပြုလုပ်နေခြင်းသည် မကြာမီကမှပြုလုပ်နေခြင်းမျိုးခြင်းမျိုးမဟုပ်ပဲ ရာစုနှစ်ချီကြာမြင်နေပြီဖြစ်ပြီး ကျေးလက်ရိုးရာ နည်းပညာ နိမ့်သောလူမှုအဖွဲ့အစည်းမှာနေ၍ မြို့ပြလူနေမှု နည်းပညာမြင့်သော လူမှုအဖွဲ့အစည်းသို့ ပြောင်းလဲလာခြင်းကြောင့်ဖြစ်သည်။
Professor Greenfield, whose work is published in the journal Psychological Science, used Googles Ngram Viewer to count word frequencies in 1,160,000 books by US authors.
စိတ်ပညာဆိုင်ရာသိပ္ပံဂျာနယ်တွင် ပုံနှိပ်ဖေါ်ပြခဲ့သော ပါမောက္ခ ဂရင်းဖီးသည် Google's Ngram Viewer ကိုသုံး၍ အမေရိကန်စာရေးဆရာများ၏ စာအုပ်ပေါင်း ၁,၁၆၀,၀၀၀ အုပ်တွင် အသုံးပြုသော စကားလုံးများ၏ အကြိမ်အရေအတွက်ကို ရေတွက်ခဲ့ပါသည်။   
The software allows users to rapidly count the numbers of words in books.
၎င်းဆော့ဝဲကို အသုံးပြုသူအနေဖြင့် စာအုပ်ပါစကားလုံးများ၏အရေအတွက်ကို အလျှင်အမြန် ရေတွက်နိုင်ပါသည်။
These included novels, non-fiction titles and textbooks.
ထိုရေတွက်မှုတွင် ၀တ္တုများ၊ စိတ်ကူးယဉ်မဟုပ်သောစာများ နှင့် သင်ရိုးစာအုပ်များပါဝင်သည်။
She then did the same with 350,000 books published in the UK before repeating the tests with synonyms for each target word.
ထိုနောက်သူမသည် သတ်မှတ်စကားလုံး တစ်ခုစီအတွက် အဓိပ္ပါယ်တူစကားလုံးများဖြင့် စမ်းသပ်လေ့လာမှုကို မပြုလုပ်ခင် UK မှထုပ်ဝေသောစာအုပ်ပေါင်း ၃၅၀,၀၀၀ ကိုထပ်မံ၍ တူညီသောစမ်းသပ်မှုကို ပြုလုပ်မည်ဖြစ်သည်။
These replications indicate that the underlying concepts, not just word frequency, have been changing in importance over historical time, said Professor Greenfield.
ပါမောက္ခ ဂရင်းဖီးကပြောသည်မှာ ''ထိုပုံတူပွားလုပ်ဆောင်မှုများက သုံးထားသော စကားလုံးအရေအတွက်ကိုသိရုံသာမက ၎င်းနောက်ကွယ်မှ သမိုင်းတစ်လျှောက် အရေးပါသော ပြောင်းလဲလာမှုဖြစ်စဉ်၏ ငုတ်လျှိုးနေသောအယူအဆများကို ညွန်ပြမှာဖြစ်ပါတယ်။''
She found words that indicate a growing focus on the self, such as child, unique, individual, and self, all increased in use.
သူမသည် self (ကိုယ်တိုင်) ဟူသောအဓိပ္ပါယ်ကို ရည်ညွန်းသော စကားလုံးများ ဥပမာ child (ကလေး)၊ unique (ပြိုင်ဘက်ကင်းသော)၊ individual (တစ်ဦးပုဂ္ဂလ) နှင့် self (ကိုယ်တိုင်) စသည်ဖြင့် ၎င်းစကားလုံးများအား များစွာအသုံးပြုမှုကိုတွေ့ရှိခဲ့သည်။
The use of words like get declined between 1940 and the 1960s before rising in the 1970s, perhaps reflected that cooperative feel and lower levels of self-interest during World War II and post war declined.
get ကဲ့သို့သော စကားလုံးကိုအသုံးပြုမှုသည် ၁၉၇၀ တွင်မမြင့်တက်မီ ၁၉၄၀ နှင့် ၁၉၆၀ တွင်ကျဆင်းခဲ့သည်။ ၎င်းသည် ဒုတိယကမ္ဘာစစ် နှင့်စစ်ပြီးကလအတွင်း ပူပေါင်းလုပ်ဆောင်လိုသော ခံစားချက်နှင့် မိမိကိုယ်အတွက် စိတ်ဝင်စားမှုလျှော့ကျခြင်းကို ထင်ဟပ်စေခြင်းလည်း ဖြစ်နိုင်ပါသည်။
The importance of religion, obedience and social relationships also seemed to decline over the 200 year period, with words like "authority," "belong" and "pray becoming less common.
ဘာသာရေး၊ နာခံတတ်မှု နှင့် လူမှုရေးပေါင်းသင်းဆက်ဆံမှုများ၏ အရေးပါမှုသည် နှစ် ၂၀၀ ကျော်ကာလအတွင်း ကျဆင်းလာဖွယ်ရှိပြီး authority, belong နှင့် pray ဟူသောအသုံးများသည် အသုံးနည်းလာသည်ကို တွေ့ရှိရသည်။
Professor Greenfield is now hoping to replicate the work with books in Spanish, French, Russian and Chinese to look for global patterns in culture shift reflected in literature.
ပါမောက္ခ ဂရင်းဖီးသည် ယက္ခု အခါ ထိုလေ့လာမှုကို စပိန်ဘာသာ၊ ပြင်သစ်ဘာသာ၊ ရုရှားဘာသာ နှင့် တရုပ်ဘာသာ ဖြင့်ထုပ်ဝေထားသော စာအုပ်များကိုလေ့လာခြင်းဖြင့် ကမ္ဘာ့ယဉ်ကျေးမှုပြောင်းလဲလာမှုပုံစံသည် စာပေတွင်ထင်ဟပ်စေမှုကို ကြည့်ရှူရန် မျှော်လင့်ထားပါသည်။

No comments:

Post a Comment